ဒါတွေကို ဒီ Timer Switch လေးက အကုန်ဖြေရှင်းပေးသွားတယ်။
ဈေးနှုန်း တသောင်းဝန်ကျင်သာ ကျသင့်မယ် ဒီပစ္စည်းလေးက ဘာတွေလုပ်လို့ရလဲဆိုတော့ -
Timer Program ကို ၁၆ ခု ပေးထားလို့ရတယ်။ တနေ့ကို အဖွင့်အပိတ် ၁၆ ခါ လုပ်လို့ရတယ်ပြောတာ။ ဒီတော့ ၁၆ ခါထဲမှာ ၁ ခါပဲ ကျနော်သုံးလိုက်ရတယ်။ Program 1 ရဲ့အဖွင့်ကို အချိန်တခု၊ အပိတ်ကို အချိန်တခု ထားလိုက်တော့ အပင်ကန်ရဲ့မီးအတွက် အဆင်ပြေသွားတယ်။ (CO2 ဖို့က Solenoid Valve တပ်ပြီး ဒီ စက်လေးကနေ မီးနဲ့အတူ ပြန်ခွဲသုံးလို့ရပါတယ်)
ဒါ့အပြင် တပတ်အတွင်းမှာ တပတ်လုံး တရက်မပျက်သုံးမှာလား။ ဒါမှမဟုတ်ရင် တရက်ခြား သုံးမှာလား။ ဒါမှမဟုတ် တနင်္လာကနေ သောကြာပဲ သုံးမှာလား။ စနေတနင်္ဂနွေပဲ သုံးမလားဆိုတာလည်း ရွေးလို့ရတယ်။
ဒါကြောင့် ငွေအနည်းငယ်သာ သုံးပြီး တော်တော်အဆင်ပြေသွားတယ်။ တခြားပုံစံမျိုးတွေလည်း လာပါတယ်။ မီးပလပ်တခါထဲ ပါပြီးသားမျိုးတွေပါ။
ဒီကောင်လေးက 25A ဆိုတော့ တခြားနေရာတွေ သုံးချင်လည်း သုံးလို့ရတယ်။ ရေမော်တာ ရေတင်တာတို့။ ပန်ကာဖွင့်တာတို့ ပန်းခြံမီး အိမ်ရှေ့မီး ဖွင့်တာတွေကို ကိုယ်လိုသလို သုံးလို့ရတာပေါ့။
Shop.com.mm မှာ ရှိပါတယ်။
EmoticonEmoticon