၂၀၁၂

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
၂၀၁၂ : ဇန်နဝါရီ • ဖေဖော်ဝါရီ • မတ် • ဧပြီ • မေ • ဇွန် • ဇူလိုင် • ဩဂုတ် • စက်တင်ဘာ • အောက်တိုဘာ • နိုဝင်ဘာ • ဒီဇင်ဘာ
၂၁ ရာစု ခုနှစ်များ
၂၀၀၁ ၂၀၀၂ ၂၀၀၃ ၂၀၀၄ ၂၀၀၅ ၂၀၀၆ ၂၀၀၇ ၂၀၀၈ ၂၀၀၉ ၂၀၁၀
၂၀၁၁ ၂၀၁၂ ၂၀၁၃ ၂၀၁၄ ၂၀၁၅ ၂၀၁၆ ၂၀၁၇ ၂၀၁၈ ၂၀၁၉ ၂၀၂၀
၂၀၂၁ ၂၀၂၂ ၂၀၂၃ ၂၀၂၄ ၂၀၂၅ ၂၀၂၆ ၂၀၂၇ ၂၀၂၈ ၂၀၂၉ ၂၀၃၀
၂၀၃၁ ၂၀၃၂ ၂၀၃၃ ၂၀၃၄ ၂၀၃၅ ၂၀၃၆ ၂၀၃၇ ၂၀၃၈ ၂၀၃၉ ၂၀၄၀
၂၀၄၁ ၂၀၄၂ ၂၀၄၃ ၂၀၄၄ ၂၀၄၅ ၂၀၄၆ ၂၀၄၇ ၂၀၄၈ ၂၀၄၉ ၂၀၅၀
၂၀၅၁ ၂၀၅၂ ၂၀၅၃ ၂၀၅၄ ၂၀၅၅ ၂၀၅၆ ၂၀၅၇ ၂၀၅၈ ၂၀၅၉ ၂၀၆၀
၂၀၆၁ ၂၀၆၂ ၂၀၆၃ ၂၀၆၄ ၂၀၆၅ ၂၀၆၆ ၂၀၆၇ ၂၀၆၈ ၂၀၆၉ ၂၀၇၀
၂၀၇၁ ၂၀၇၂ ၂၀၇၃ ၂၀၇၄ ၂၀၇၅ ၂၀၇၆ ၂၀၇၇ ၂၀၇၈ ၂၀၇၉ ၂၀၈၀
၂၀၈၁ ၂၀၈၂ ၂၀၈၃ ၂၀၈၄ ၂၀၈၅ ၂၀၈၆ ၂၀၈၇ ၂၀၈၈ ၂၀၈၉ ၂၀၉၀
၂၀၉၁ ၂၀၉၂ ၂၀၉၃ ၂၀၉၄ ၂၀၉၅ ၂၀၉၆ ၂၀၉၇ ၂၀၉၈ ၂၀၉၉ ၂၁၀၀

၂၀၁၂

ဇန်နဝါရီလ[ပြင်​ဆင်​ရန်​]

(၁) ရက်။

  • The Voice Weekly နှင့် Living Color Magazine တို့ထုတ်ဝေလျက် ရှိသော Living Color Media ၏ CEO၊ Myanmar Egress တည်ထောင်သူနှင့် အထွေထွေ အတွင်းရေးမှူး ဒေါက်တာနေဝင်းမောင် (အောင်ထွဋ်) အသက် (၅၀) နှစ်သည် နံနက် ၁ နာရီ ၁၀ မိနစ်တွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်။

(၄) ရက်။

  • နိုင်ငံတော် သမ္မတဦးသိန်းစိန်အား အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာ သီရိသုဓမ္မ ဘွဲ့ရရှိသည်။

(၁၃) ရက်။

  • နိုင်ငံတော် သမ္မတဦးသိန်းစိန်မှ စတုတ္ထအကြိမ်မြောက် အကျဉ်းသား (၆၅၁)ဦး လွှတ်ခဲ့သည်။

(၁၈) ရက်။

  • အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်း ဒေသကြီး ကော့မှူးမြို့နယ်မှ လွှတ်တော်အမတ်အဖြစ် ဝင်ရောက်အရွေးခံ ရန်အတွက် သံလျင်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးကို သွားရောက် မှတ်ပုံတင်။

(၁၉) ရက်။

  • အမေရိကန်နိုင်ငံတွင် နေထိုင်သော ဆရာကြီး ဒေါက်တာအေးကျော်သည် အမေရိကန် စံတော်ချိန် ညနေ ၆နာရီ ၃၀ မိနစ်တွင် အသဲကင်ဆာ ရောဂါဖြင့် ကွယ်လွန်သွားသည်။
  • ဇန္နဝါရီ ၁၉ ရက်- ၂၂ ရက်အထိ ပထမဆုံး နိုင်ငံတကာ ကားပြပွဲကြီးကို ရန်ကုန်၊ မင်းဓမ္မကုန်း Myanmar Convention Center ၌ ကျင်းပ။

ဖေဖေါ်ဝါရီလ[ပြင်​ဆင်​ရန်​]

(၄) ရက် (၅)ရက်။

(၅)ရက်။

  • စာရေးဆရာ မောင်သာရ၏ သမီး စာရေးဆရာမ ဖြိုးသာရ ထိုင်းနိုင်ငံ အုန်းပြန့် ဒုက္ခသည်စခန်းတွင် ကွယ်လွန်၊

(၇)ရက်။

  • ၂၀၁၀-ခု မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုအကယ်ဒမီပေးပွဲ နေပြည်တော်တွင် ကျင်းပ၊
  • (၈-၉)ရက်များတွင် မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းMAI နှင့် ရန်ကုန်လေဆိပ်ကို တိုက်ခိုက်မှုလုပ်မည်ဟု ခြိမ်းခြောက်စာတစောင်ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ မြန်မာသံရုံးက ရရှိ၊

(၁၁)ရက် (၁၂)ရက်။

  • တတိယအကြိမ် ဘားကမ့်ရန်ကုန်အား MICT တွင် ကျင်းပ၊ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်၊

(၁၃)ရက်။

(၁၄)ရက်။

  • ရန်ကုန်မြို့တွင် အဓိပတိ ၁၇၇ လိုင်းက အမျိုးသမီးသီးသန့် ဘတ်စ်ကားများ စတင်ပြေးဆွဲ၊ စမ်းသပ်ကာလ ၄ ရက် ပြေးဆွဲမည်။

(၁၈)ရက်။

  • အမျိုးသမီးသီးသန့် ဘတ်စ်ကားများ အတည်ပြေးဆွဲ။

(၂၂)ရက်။

  • ရွှေတိဂုံ စေတီတော်မြတ်ကြီး၏ နှစ်ပေါင်း ၂၆၀၀ ပြည့် ဗုဒ္ဓပူဇနိယ ပွဲတော်ကြီးကို ရွှေတိဂုံ အနောက်မုခ် ရှိ ပြည်သူ့ရင်ပြင် ထဲမှာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ မတ်လ ၇ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပ၊

(၂၃)ရက်။

    • ဒေါ်အောင်ဆန်းစုကြည် လေယာဉ် နှင့် မြစ်ကြီးနားမြို့သို့ ထွက်ခွာ၊ နမ္မတီးနှင့် မိုးကောင်းမြို့သွားဟောပြော၊

(၂၄)ရက်။

  • ဒေါ်အောင်ဆန်းစုကြည်သည် မြစ်ကြီးနားမြို့၊ မနောကွင်းမှာ ဟောပြော၊

(၂၆)ရက်။

  • ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်တိုင်း သုံးခွမြို့နယ်ကို ညနေ (၆)နာရီလောက် ရောက်ရှိ၊

(၂၇)ရက်။

  • ဒေါ်အောင်ဆန်းစုကြည် တရားဝင်အမတ်လောင်း ဖြစ်၊
  • မြန်မာနိုင်ငံ ပထမဆုံးအကြိမ်အဖြစ် ရေခဲပန်းပုရုပ်ပွဲတော်ကို ရန်ကုန်မြို့က ကန်တော်ကြီး ပန်းခြံဥယျာဉ်မှာ ကျင်းပ၊

(၂၈)ရက်။

  • တိုင်ရီ ဖိနပ်စက်ရုံမှာ အလုပ်သမားသမဂ္ဂ ဖွဲ့စည်း၊
  • ရန်ကုန်မြို့ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီဥယျာဉ်၌ ၂၀၁၂-ခု ဆဋ္ဌမ အကြိမ်မြောက်တော်ဘုရားလေး(အောင်ဇေ)စာပေဆု ချီးမြှင့်၊

မတ်လ[ပြင်​ဆင်​ရန်​]

(၁) ရက်။

  • အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ရှမ်းပြည်နယ် ကလောမြို့၊ အောင်ပန်းမြို့၊ ဟဲဟိုးမြို့သို့ ထွက်ခွာ၊
  • နံနက်၁၀နာရီတွင် နေပြည်တော် ပြည်ထောင်စု လွှတ်တော်ခန်းမတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ အရပ်သားအစိုးရလက်ထက် ဒုတိယကြိမ်မြောက် မိန့်ခွန်းပြောကြား

(သမ္မတသက်တမ်း တစ်နှစ်ပြည့်)

(၂) ရက်။

(၃) ရက်။

  • အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မန္တလေးမြို့သို့ ထွက်ခွာ၊

(၄) ရက်။

  • အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မနက်ပိုင်းတွင် စစ်ကိုင်းသို့ ထွက်ခွာပြီး ညနေ မန္တလေးမြို့သို့ ပြန်ရောက်၊

(၅) ရက်။

  • အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မန္တလေးမြို့မှ နေပြည်တော်သို့ ထွက်ခွာ၊

(၁၄) ရက်။

  • အစိုးရဝန်ထမ်းအားလုံးအား ဧပြီလ ၁ ရက်နေ့ကစပြီး လက်ရှိ လစာအပြင် အပိုထောက်ပံ့ကြေးအဖြစ် တဦးကို ကျပ် ၃ သောင်း တိုးပေးမည်၊ နေ့စား အလုပ်သမားများကိုလည်း တရက် ၈ နာရီလုပ်အားခအပြင် အပိုထောက်ပံ့ကြေး ပေးအပ်သွားမည့်အကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ကြေညာ။
  • နှစ်ပေါင်းများစွာ အချေအတင် ဖြစ်နေခဲ့သော ဘင်္ဂလားဒေ့ရှ်နှင့် ရေနယ်နိမိတ် အငြင်းပွားမှုကိစ္စအပေါ်မှာ ဂျာမဏီနိုင်ငံ Hamburg မြို့ ရှိ ကုလသမဂ္ဂ ပင်လယ်ပြင်ဆိုင်ရာ နိုင်ငံတကာ တရားရုံးက ဘင်္ဂလားဒေ့ရှ်ကို အနိုင်ပေးလိုက်သည်။

(၁၇) ရက်။

  • ဒေါ်အောင်ဆန်းစုကြည်သည် ရှမ်းပြည်နယ် မြောက်ပိုင်း ရွေးကောက်ပွဲ အောင်နိုင်ရေး ခရီးစဉ်ကို နေ့လည် (၁၂) နာရီ (၁၅) မိနစ်ခန့်တွင် လားရှိုးမြို့သို့ လေယာဉ်ဖြင့် ဆိုက်ရောက်။

(၁၈) ရက်။

  • ဒေါ်အောင်ဆန်းစုကြည်သည် သိန္ဒီမြို့ရှိ ဘုန်းတော်ကြီးကျောင်းအချို့သို့ သွားရောက် ဂါရ၀ပြု တွေ့ဆုံပြီး ညနေပိုင်းတွင် ရန်ကုန်မြို့သို့ လေယာဉ်ဖြင့်ပြန်လည် ထွက်ခွာ၊
  • ပထမဆုံးအကြိမ် အမျိုးသားသတင်းဆု ချီးမြှင့်ပွဲ အခမ်းအနားကို ညနေပိုင်း၌ ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံတွင် ကျင်းပ၊
  • KNU ဗဟိုကော်မီတီ တဦးဖြစ်သည့် ပဒိုမန်းငြိမ်းမောင်ကို နိုင်ငံတော် သမ္မတ၏ လွပ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် အင်းစိန်အကျင်းထောင်မှ လွှတ်ပေးလိုက်သည်။
  • မန္တလေး၊ ပြည်ကြီးတံခွန် မြို့နယ် စက်မှု (၁) ဇ ရပ်ကွက်ရှိ ပုဂ္ဂလိကပိုင် သံရည်ကြိုစက်ရုံတခုမှ မနက် ၁၀ နာရီ၊ စစ်အတွင်း လက်ကျန်ဗုံးတလုံး ပေါက်ကွဲ၊ လူငယ် ၃ ယောက် သေဆုံးသွားသည်။ နောက်ထပ် မပေါက်သေးသော ဗုံးတချို့ကိုလည်း တွေ့ရှိ။

(၁၉) ရက်။

  • သမ္မတ ဦးသိန်းစိန်သည် ဗီယက်နမ်နိုင်ငံကို အလည်အပတ် သွားသည်။

(၂၆) ရက်။

  • မြန်မာနိုင်ငံတကာကုန်တင်ကုန်ချ သီလဝါဆိပ်ကမ်း Myanmar International Terminal of Thilawah ရှိ သစ်လုံးများ ပုံထားသည့် ကွင်းပြင်တွင် မွန်းလွဲပိုင်းမှ မီးစတင်လောင်ကျွမ်းခဲ့ရာ ၁၂ နာရီကျော်ကြာမျှ လောင်ကျွမ်းပြီး သစ်လုံးအများအပြား လောင်ကျွမ်းသွားခဲ့သည်။ အနီးနားရှိ ယန္တရားများ၊ ပြည်ပမှ တင်သွင်းလာသည့် မော်တော်ကားများကို ကူးစက် လောင်ကျွမ်းခြင်းမရှိခဲ့။

ဧပြီလ[ပြင်​ဆင်​ရန်​]

(၁) ရက်။

(၈) ရက်။

  • ဘန်ကောက်ပို့စ် သတင်းစာမှ ၂၀၀၃-ခုနှစ်၊ ဒီပဲယင်း အကြမ်းဖက် တိုက်ခိုက်မှုတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်ကြီးခင်ညွှန့် ဦးဆောင်သော ထောက်လှမ်းရေးအဖွဲ့က ကယ်ဆယ် လိုက်သည်ဟု ဆိုသော သတင်းပါ၊

(၉) ရက်။

  • ၂သိန်းတန် ဖုန်းများ ဆက်သွယ်ရေးမှ စတင်ရောင်း၊
  • ဦးခင်ညွန့်သည် ရန်ကုန် တာမွေမြို့နယ်ရှိ အလိုတော်ပြည့် ကျောင်းတွင် သား၂ ဦး၊ မြေးဖြစ်သူတို့နှင့်အတူ သာသနာ့ဘောင်သို့ ၇ ရက်တာ ဒုလ္လဘ ရဟန်းအဖြစ်ခံယူ။

(၁၁) ရက်။

  • နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဒေါ်အောင်ဆန်းစုကြည်တို့သည် နံနက် ၁၁ နာရီအချိန်၊ နေပြည်တော်၌ ဒုတိယအကြိမ် တွေ့ဆုံခဲ့သည်။
  • ဘန်ကောက်ပို့စ် သတင်းစာတွင်ဖော်ပြခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွှန့် အင်တာဗျူးနှင့် ပတ်သက်ပြီး ရှင်းလင်းပွဲကို ရန်ကုန်မြို့ ဆရာစံလမ်းရှိ ပြည်ထဲရေးဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့သည်။
  • မြန်မာစံတော်ချိန် ၃ နာရီခန့်က အင်ဒိုနီးရှားနိုင်ငံဆူမတြာကျွန်း၏ အနောက်တောင်ဘက် ၂၆၈ မိုင်အကွာ ပင်လယ်အောက် မြေပြင်တွင် အင်အား ရစ်ချ်စ်တာစကေး ၈.၉ ရှိ အင်အားပြင်း ရေအောက်ငလျင် လှုပ်ခတ်ခဲ့၊ ရန်ကုန်မြို့၊ အချို့မြို့နယ်တွေ မှာလည်း ငလျင် အသေးစား လှုတ်ခတ်ခဲ့ပြီး မြန်မာ့ ကမ်းရိုးတန်း ဒေသများမှာ ဆူနာမီ ရိုက်ခတ်နိုင်သည်ဟု အစိုးရ ရုပ်မြင်သံကြား မီဒီယာ တဆင့် သတိပေးချက်ထုတ်ပြန်ခဲ့။ သတ်မှတ်ထားချိန်၌ အန္တရာယ် တစ်စုံတစ်ရာ ကျရောက်ခြင်း မရှိသည့်အတွက် ဆူနာမီ အန္တရာယ် အရေးပေါ် အခြေအနေ ကြိုတင် သတိပေး ထားမှုအား ပြန်လည် ရုပ်သိမ်း လိုက်ကြောင်း အစိုးရရုပ်မြင်သံကြားမှ ညနေ (၈) နာရီတွင် တရားဝင် ထုတ်ပြန် ကြေငြာခဲ့သည်။

(၁၂) ရက်။

(၁၃) ရက်။

  • ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်သည် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး နံနက်ပိုင်းတွင် သမ္မတ ဦးသိန်းစိန်နှင့် နေပြည်တော်၌ တွေ့ဆုံခဲ့ကြပြီး ညနေပိုင်းတွင် ရန်ကုန်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် သီးခြားစီ တွေ့ဆုံခဲ့ကြသည်။ ၁၉၅၅-ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံသို့ လာရောက်သည့် ဗြိတိန်ဝန်ကြီးချုပ် တစ်ဦး၏ ပထမဆုံးခရီးစဉ်ဖြစ်သည်။

(၁၄) ရက်။

  • ည ၈ နာရီ ၄၅ မိနစ်တွင် မြစ်ကြီးနားမြို့အထွက် နန်းကွက်ချောင်း မီးရထားတံတားသံလမ်းအနီး ဗုံးပေါက်ကွဲ၊

(၁၆) ရက်။

  • သင်္ကြန် ပြီးဆုံး၊ ဦးခင်ညွန့် လူဝတ်လဲ။

(၁၇) ရက်။ မြန်မာနှစ်ဆန်း(၁)ရက်

  • ကော့မှုးမြို့ရှိ သက်ကြီးရွယ်အိုများကို ဒေါ်အောင်ဆန်းစုကြည် ဂါရဝပြု၊

မေလ[ပြင်​ဆင်​ရန်​]

(၁) ရက်။

(၁၅) ရက်။

  • ဦးဂျမ်း (ဦးဂျမ်းချည်ချောလုံချည်) သည် နံနက် ၁၀ နာရီခန့် တွင် အမရပူရမြို့ နေအိမ်တွင် ကွယ်လွန်သွားသည်။

ဇွန်လ[ပြင်​ဆင်​ရန်​]

(၁) ရက်။

(၅) ရက်။

  • ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင့်လွင် နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင် တို့ မိမိသဘောဆန္ဒ အလျောက် ရာထူးမှ နုတ်ထွက်။

(၁၅) ရက်။

ဇူလိုင်လ[ပြင်​ဆင်​ရန်​]

(၁) ရက်။

ဩဂုတ်လ[ပြင်​ဆင်​ရန်​]

(၂၀) ရက်။

  • စာပေစိစစ်ရေးအဖွဲ့၏ စာပေစိစစ်ခံရခြင်းမှ ကင်းလွှတ်ခွင့်ရသည်။

စက်တင်ဘာလ[ပြင်​ဆင်​ရန်​]

(၁) ရက်။

အောက်တိုဘာလ[ပြင်​ဆင်​ရန်​]

(၁) ရက်။

နိုဝင်ဘာလ[ပြင်​ဆင်​ရန်​]

(၁) ရက်။

ဒီဇင်ဘာလ[ပြင်​ဆင်​ရန်​]

(၁) ရက်။